Photobucket

Saturday 28 April 2012

နေ့စွဲမရှိတဲ့အချစ်


နေ့စွဲမရှိတဲ့အချစ်
    မမေ့ရဲပေမယ့်
တစ်နေ့ခွဲရမှာတော့

 သိတယ်ခင်။
နေ့စွဲမဲ့အချစ်၊
မမေ့ရဲတဲ့ အဖြစ်တွေမို့၊
ယနေ့လည်း သစ်ဆဲ

သစ်မြဲလို့ထင်။
“ဘာသံမှ မကြားချင်ဘူးနော်” တဲ့၊
အမိန့်တော်လိ

အမှာစကားတွေနဲ့၊
အခါတစ်ပါးက သူ့သံစဉ်၊
    အခုပြန်မြင်ရဲ့

 သူ့အမူအနွဲ့။
    တစ်ရံခါဆီက၊
ဒဏ္ဍာရီလို

အဖြစ်တစ်ခုလို့၊
ချစ်သူ့အတွေးမှာ

    ပုံပြင်မှတ်ပါသလား …၊
စိမ်းပြတ်နာ

မာနအငွေ့တွေနဲ့၊
တိမ်းဖြတ်ကာ

   ထာဝရမေ့ချင်လို့၊
မတွေ့သာအောင်

    သခင်ခွဲတော့မှ
ရင်ထဲမှာ

 ဝေဒနာကျွမ်းကာ
အချစ်ရယ် ……. လွမ်းလို့ကျန်ရဲ့ …. ။ (မောင်စိန်ဝင်း)

နှုတ်နှေးခဲ့သည်










မောင်နှင့်တွေ့လျှင်
       ချမ်းမြေ့ပျော်လည်း ၊
 သူဝမ်းနည်းပြန်
မသဲမကွဲ ၊
 နှစ်ယောက်ထည်း (ထဲ) ပင်
    မိုးဖွဲနုညက် ၊
ဆံနွယ်ခက်ကြား
     တစ်စက်တစ်စက် ၊
 လျောသက်တွယ်ခို
ညိုညိုလဲ့မှောင် ၊
 ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ ၊
 မျက်ရည်ပဲလား
မသဲမကွဲ ၊
 မိုးရေပဲလား
ဆိုရဲခက်ခက် ၊
    မမေးရက်လို့
ပင့်သက်ပူနွေး ၊
 မှိုင်မောငေးဆဲ
နွဲ့ထွေးနှမ ၊
 ပြုံးအေးမြတော့
နောင်တ
 နောက်ကျရပြန်သည် ။ (ကြည်အေး)

GAY ဘုံ

five stars

ခွဲခွဲခွာခွာ



ခွဲခွဲ ခွာခွာ


နှုတ်ဆက်ခွင့်မျှ ၊
     ခဏမပေး
ဝေးတော့ဝေးပြီ။

 အထင်တော်လွဲ
      ကြင်ဖော်ခွဲခွာ၊

 အသည်းနာနှင့်
ဒဏ်သင့် ခံစား၊

 နှလုံးသားနွေ
    ရှံးသွားလေသူ၊

 ကြည်ဖြူပါသည်။

တကယ်သာဆို........
တွယ်တာလိုသမျှ၊

 ကိုယ်ကကြိုးပမ်း
နွေ၏လမ်းမှာ
     ပန်းလည်းမပွင့်
လရောင်လွင့်ကြွေ၊

 တိမ်မျက်ရည်ပြို
ကိုယ်မငိုဘူး

 အချစ်ဦးရေ။

သာရာမှာ

 .....နား၊
 နားရာမှာ

.....ပျော်
ပျော်ရာမှာ

.....မြင့်
သခင့်သတင်း

နားစွင့်ရင်းနဲ့
    ချစ်ခြင်းရဲ့ဒဏ်၊

 ရင်ကော့ခံယူ
ဟန်မူမတိမ်း၊

 မျက်ရည်ထိန်းကာ
သူစိမ်းလိုသာနေတော့မယ်။(မောင်လှမျိုး)

မျက်ရည်မြစ်ကျဉ်း



မျက်ရည်မြစ်ကျဉ်း


စိတ်ကိုရွေ့လျား
      မေ့ထားရုံနဲ့၊
မေ့သွားရင်လည်း
    အကောင်းသား။

 မမေ့ မမုန်း
      တစ်နေ့လုံး ... သူ၊
စိတ်ကိုယူငင်
     ရစ်တွင်ရစ်ဖွဲ့၊ နှောင်တွယ်နွဲ့ပြုံး
အလွမ်းဆုံး ... မြစ်
    လှော်ရင်းနစ်ပြီ။

မပျော်နေ့ည
    မေ့မရလို့၊
တွေ့ကြတဲ့အခါ၊
     သူမြင်သာအောင်၊
ကြင်နာအရိပ်၊

 အလွမ်းစိတ်ကို
     ပါးစပ်ပိတ်ထား၊

နှလုံးသားမှ
      မျက်ရည်များဖြင့်

ပြချင်တယ် ... ။(မောင်လှမျိုး)

နှောင်တွယ်အားကိုး




နှောင်တွယ်အားကိုး


 အချစ်တစ်ခု
      ခြေရာပြုသစ်
နုမျစ်အစဉ်
     သံယောဇဉ်ကို
သခင် ..

 မြင်တတ်ပါလေစ ။

အနမ်းတစ်ခု
     လွမ်းမှု ဖြေသိမ့်
ရင်ထဲစိမ့်အေး
     ပန်းပွင့်လေးတွေ
သခင် ..

    မွှေးမြပါလေစ ။

အလွမ်းတစ်ခု
     ကျမ်းပြုမသီ
ရင်ထဲစီတန်း
    လွမ်းမြဲ လွမ်းနေ
သခင်မှန်းဆ သိပါစ ။

     မခွဲမခွာ
နေလိုပါချင်
    သံယောဇဉ်ပြု ၊

နှစ်သိမ့်ဆုကို
    သခင် .. စွန့်ကြဲလိုပါစ ။

ချစ်နှောင်ရစ်ပတ်
     အချစ်ဓာတ်ပြင်း
ချစ်ခြင်း၏ မြား
    စူးဝင်ထားလည်း ၊

အားခဲမရ
ခွေယိုင်ကျလို့
  သခင်ကူမ
ထူမှ ထမယ်
တမ်းတတဲ

 ... ညသိပါစ ။ (မောင်လှမျိုး)

Tuesday 17 April 2012

ယမကဝတ်(အစုံစုံတရား)


၁-စက္ခုပါလတ္ထေရဝတ္ထ
(မျက်မမြင်ရဟန်းဝိပါက်ကြမ္မာမလွတ်သာ)
၁။နမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင်အကြီး အမှူးရှိကုန်
၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှား လိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ထို(ပြောဆိုပြုလုပ်ကြံစည်မှု)ကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ ခြေရာသို့ အစဉ်လိုက်ဘိ သကဲ့သို့ ထိုသူသို့ ဆင်းရသည်အစဉ် လိုက်လေ၏။