Photobucket

Tuesday 2 October 2012

Hear Me Part 1

Hear Me

part 1

ညို



ဟိုး …. တောင်ထိပ်မှာ
မိုးရိပ်ညိုညို့
၊မှိုင်းရီဆို့လျှင်၊
ပိုလို့တမ်းတ၊
 သတိရလျက်၊
ဖြေပြေခက်လို့ ….
မျက်ဝန်းထဲမှာ မိုးရွာပြီ ညို …. ။
ဒါပါပဲကွယ် …
ပုံပြင်ရယ်ထား၊
 အိပ်မက်များလို၊
မေ့သွားနိုင်ရိုး၊ အဖြစ်မျိုးလား၊
မြတ်နိုးနှောင်ရစ်၊
 သောကမြစ်လျှံ၊
ချစ်ခြင်းဆင်းရဲ၊ မိုးသားမည်းညို၊
ပြိုမည်အုံးအုံး၊
 မိုးထစ်ခြုံးပြီ ….
နှလုံးသားတောင်ထိပ်က …
အလွမ်းမိုးရိပ်တွေပါ ညို။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

ထာဝရ




အိပ်မက်စမ်းချောင်း၊
ဖြတ်သန်းစီးဆဲ၊
 စူးရဲဖြာကျ၊
ဘဝနေပူ၊ 
စုပ်ယူခန်းခြောက်၊
စမ်းရေပျောက်၏။
ဆုံစည်းမှုပန်းငုံ၊
ထုံမည်ပွင့်ဆဲ၊
 မုန်တိုင်းထဲမှာ
အလွှာလေကြမ်း၊ ဝှေ့ယမ်းခြွေချ၊
ပန်းကြွေကျ၏။
သမုဒယအမြစ်၊
သူ့ မှသူ့  ဆိုတဲ့ “အချစ်”၊
နှစ်လကြာရှည်၊
 ရာသီများစွာ၊
ဘယ်သူမှ လာမနှုတ်၊
အလွမ်းသမုဒ္ဒရာလဲ၊
စမ်းမဟုတ်ပါဘဲ၊
အစဉ်အမြဲနေ၊
 သခင်ခွဲပေမယ့်၊
ရင်ထဲထာဝရရှိနေသည်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)

ဓာတ်ပုံ



My Girl and I Part 1


My Girl and I
part 1


Monday 1 October 2012

crazy little thing called love Part 1


                                 crazy little thing called love 



part 1