Photobucket

Saturday 28 April 2012

ခွဲခွဲခွာခွာ



ခွဲခွဲ ခွာခွာ


နှုတ်ဆက်ခွင့်မျှ ၊
     ခဏမပေး
ဝေးတော့ဝေးပြီ။

 အထင်တော်လွဲ
      ကြင်ဖော်ခွဲခွာ၊

 အသည်းနာနှင့်
ဒဏ်သင့် ခံစား၊

 နှလုံးသားနွေ
    ရှံးသွားလေသူ၊

 ကြည်ဖြူပါသည်။

တကယ်သာဆို........
တွယ်တာလိုသမျှ၊

 ကိုယ်ကကြိုးပမ်း
နွေ၏လမ်းမှာ
     ပန်းလည်းမပွင့်
လရောင်လွင့်ကြွေ၊

 တိမ်မျက်ရည်ပြို
ကိုယ်မငိုဘူး

 အချစ်ဦးရေ။

သာရာမှာ

 .....နား၊
 နားရာမှာ

.....ပျော်
ပျော်ရာမှာ

.....မြင့်
သခင့်သတင်း

နားစွင့်ရင်းနဲ့
    ချစ်ခြင်းရဲ့ဒဏ်၊

 ရင်ကော့ခံယူ
ဟန်မူမတိမ်း၊

 မျက်ရည်ထိန်းကာ
သူစိမ်းလိုသာနေတော့မယ်။(မောင်လှမျိုး)

No comments:

Post a Comment