Photobucket

Saturday 28 April 2012

နှုတ်နှေးခဲ့သည်










မောင်နှင့်တွေ့လျှင်
       ချမ်းမြေ့ပျော်လည်း ၊
 သူဝမ်းနည်းပြန်
မသဲမကွဲ ၊
 နှစ်ယောက်ထည်း (ထဲ) ပင်
    မိုးဖွဲနုညက် ၊
ဆံနွယ်ခက်ကြား
     တစ်စက်တစ်စက် ၊
 လျောသက်တွယ်ခို
ညိုညိုလဲ့မှောင် ၊
 ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ ၊
 မျက်ရည်ပဲလား
မသဲမကွဲ ၊
 မိုးရေပဲလား
ဆိုရဲခက်ခက် ၊
    မမေးရက်လို့
ပင့်သက်ပူနွေး ၊
 မှိုင်မောငေးဆဲ
နွဲ့ထွေးနှမ ၊
 ပြုံးအေးမြတော့
နောင်တ
 နောက်ကျရပြန်သည် ။ (ကြည်အေး)

No comments:

Post a Comment